ဂန့်ဂေါမြို့တွင် မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေး
Aug 27,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ပြည်သူများ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြောက်ကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောတိုက်ရပ်ကွက်နှင့် မြို့မရပ်ကွက်များသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။