ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့်အသိပညာပေးဆောင်ရွက်

ဒဂုံအရှေ့ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို အမှတ်(၁၂)ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများ အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော် ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်ကြည်ရွှေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်‌အုပ်ချုပ်ရေးမှူးများနှင့်ပူး‌ပေါင်း၍ အမှတ်(၁၂) ရပ်ကွက်အတွင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ကျောက်စည်၊ ရေအိုး၊ ရေပုံးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ခြင်ကျားများ‌ပေါက်ပွားမှု မရှိစေရေးအတွက် ဘုရားပန်းအိုးများ မကြာခဏရေလဲပေးရန်၊ မိုးရေများတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများကြာရှည် ထည့်မထားရန်၊ ရေကန်များ၊ ကျောက်စည်၊ ရေအိုး၊ ရေပုံးများ အဖုံးလုံခြုံစွာ ဖုံးအုပ်ထားရှိရန် တို့ကို အသိပညာပေး​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ