သတင်းများ

အုတ်ဖိုမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 23,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 23,2026
ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျန်းမာရေး စောင့်ရှောက်မှုအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jul 23,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီက လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်၌ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် စုပေါင်းလှူဒါန်းမှုများဆောင်ရွက်
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ “ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ”တွင် သီတင်းသုံးနေထိုင်လျက်ရှိသော အဘိုးအဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် စုပေါင်းလှူဒါန်းမှုများကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃၄) အခြေခံပညာ မူလတန်း ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဖရူဆိုမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ပေး
Jul 23,2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးဌာနမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ဖရူဆိုမြို့အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းများနှင့် စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်မည့် စာသင်ကျောင်းနှင့် စာကြည့်တိုက် အဆောက်အအုံအတွက် မြေနေရာပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျိုက်ပိကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ထီပါလယ်သောင်တန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၅)ရပ်ကွက် သာသနာ့မဂ္ဂဓမ္မာရုံ၌ ကျင်းပသည်။