နာဂဒေသလဟယ်မြို့ ၌တန်ဖိုးမြှင့်စားသောက်ကုန် Bakeryအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင် တန်းဖွင့်လှစ်

လဟယ်      ဇူလိုင်       ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေး၀မ်းကျာင်းအထာက်အကူပြုတန်ဖိုး မြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ယနေ့ နံနက်(၁၀) နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုပါသည်။

ဦးစွာ နာဂဒေသဦးစီးအဖွဲ့ ဦးထန်ငူ(လူမှု)ကသင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထို့နောက်နာဂဒေသဦးစီးအဖွဲ့နှင့် အဖွဲ့၀င်များသည် သင်တန်းတွင်အသုံးပြုမည့် ကုန်ကြမ်း ပစ္စည်းများခင်းကျင်းထားရှိမှုကို လှည့်လည်ကြည့်ရှုအားပးပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ(၂၀)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာယနေ့မှ (၂၇-၇-၂၀၂၆) ရက်အထိစာတွေ့ (၃၀%)ရာခိုင်နှုန်း လက်တွေ့ (၇၀%) သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)