ပေါက်ခေါင်းမြို့နယ်၌ ကြက်သားဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

ပေါက်ခေါင်း   ဇူလိုင်   ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့မဈေးအတွင်း ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ ကြက်သားကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နေပြည်သူများ အဆင်ပြေစွာဝယ်ယူရရှိနိုင်ရေးအတွက် CP ကြက်သား တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှုန်း၊ ဗမာကြက်သား တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်နှုန်းတို့ဖြင့် ပြည်သူများသက်သာအဆင်ပြေစွာ ဝယ်ယူရရှိနိုင်ရေး မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)