ထန်းတပင် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၂၀၂၆-၂၀၂၇) ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းတွင် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက KG ကျောင်းသား၊ ကျောင်းသူတို့အား အသားဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်နှင့် ရေဓါတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ကြသည်။
အဆိုပါကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကျောင်းသား ကျောင်းသူများ၏ မိဘများမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)