ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေး

ဒဂုံမြောက် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများမှ လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်မှ (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ် ရရှိစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီး UID ကတ်မရှိသူများအား နေ့ချင်းပြီးရရှိစေရန်ရည်ရွယ်၍ ဇူလိုင် ၂၂ ရက်နေ့က မြို့နယ် လဝကဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကျောင်းသား /သူများအား UID ကတ်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။

အဆိုပါကွင်းဆင်းမှုတွင် မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းကြီးကြပ်သည့် လဝကမှူး ဦးတင်မောင်မောင်သန်းနှင့် ဝန်ထမ်းများက (၃၁) ရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၆)ဦး၊ (၄၀) ရပ်ကွက်၊ အမှတ်(၂၀)အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၆) ဦးတို့အား နိုင်ငံသားစိစစ်‌ရေးကတ်နှင့် Biometric ကောက်ယူ၍ UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။  

မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

မြင့်မြင့်ရီ