သတင်းများ

ဟင်္သာတမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးစပါးထွန်းတုံးပိတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကွင်းအမှတ် ၁၅၁၅၊ ဦးပိုင်အမှတ်၂၉/၃၊ တောင်သူဦးလှစိုးပိုင် လယ်မြေ (၅) ဧကတွင် ၂၀၂၆-၂၀၂၇ မိုးစပါးထွန်းတုံးပိတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၆) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူကို ပညာသင်စရိတ် ဂုဏ်ပြုထောက်ပံ့ငွေ (၁၆၈) သိန်း ချီးမြှင့်
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူကို ပညာတော်သင်ဂုဏ်ပြုထောက်ပံ့ငွေ (၁၆၈) သိန်းကျပ် ချီးမြှင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ဇူလိုင်လ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 23,2026
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အထက(ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ အမှတ် ၆၂ မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ရဲမှူး တင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ ၊ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ဆရာမများ၊ ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယျနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
သာပေါင်းမြို့နယ် ကုန်ဈေးနှုန်းထိန်းညှိလျော့ကျရေးကော်မတီက စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမှဖြန့်ဝေပေးထားသော စားအုန်းဆီများကို ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ဈေးနှုန်း ထိန်းညှိလျော့ကျရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြသည်။
ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်
Jul 23,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများစွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများကိုဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၊ တံတားမြို့၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၊ တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုး‌ရေး အသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအသိပညာ‌ပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျွန်းတော(တောင်) ရပ်ကွက်၊ ကျွန်းတောရပ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လပွတ္တာမြို့နယ်၌ အငြိမ်းစား ပင်စင်စားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့နံနက် ၇ နာရီ ၃၀ အချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။