လက်ပံတန်း၌ အသား၊ ငါးနှင့် ကြက်ဥ ၊ ဘဲဥ အရောင်းဆိုင်များကို တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မြို့မဈေးကြီး၌ ပြည်သူများ  သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အသားများရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်တာဝန်ရှိသူများက ကွင်ဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကကြီးကြပ်၍ ဈေးနှုန်းနှင့်အလေးချိန်  မှန်ကန်စွာ ရောင်းချ‌‌ပေးနိုင်‌ရေး၊ သန့်ရှင်းလတ်ဆတ်ပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ‌စေရေး၊ ကြက်ဥ၊ ဘဲဥအတုများရောင်းချပေးမှု မရှိစေရေး တို့ကို့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မျိုးမင်းထွန်း(ပြန်/ဆက်)