တိုက်ကြီး ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့် ဝိနည်းဓိုရ် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အိုးတန်းရပ်ကွက် ပြည်လမ်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒကထာနာယူကာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်တို့မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖိုးကျော်နှင့် ဇနီးတို့က အချိုရည်နှင့် ရေသန့်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါ သင်တန်းသို့ သံဃာတော် ၈၀ ပါး တက်ရောက်ပြီး သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)