ဖောင်းပြင် ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည်ယနေ့ နေ့လယ် ၁နာရီအချိန် တိုင်းထွာချက်အရ ၁စင်တီမီဝာာ ကျဆင်းခဲ့ေကြာင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒ တိုင်းထွာရေး စခန်း၊ စခန်းတာဝန်ခံ ဦးမျိုးသူကျော်သူထံက သိရသည်။
ယနေ့ နံနက် ၆နာရီခွဲအချိန် အထိ ၁၃၅၂စင်တီမီတာတွင်တည်ရှိေနပြီး ယနေ့ နေ့လယ် (၁)နာရီအချိန်တိုင်းထွာရာတွင် ၁၃၅၁စင်တီမီတာသို့ ၁စင်တီမီတာကျဆင်းခဲ့ခြင်းဖြစ်သည်။
ဖောင်းပြင်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၂၅ စင်တီမီတာဖြစ်ပြီး ဇူလိုင်လအတွင်း တစ်ကြိမ်ဝင် ရောက်ခဲ့ကာ မြို့၏စိုးရိမ်ရေမှတ် အထက် ၁ပေခန့် မြင့်တက်ခဲ့ကြောင်း အဆိုပါရေအမှတ်တွင် မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)