မြစ်သားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ပထမအကြိမ်) အာဟာရကျွေးမွေး

မြစ်သား ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီမှစတင်၍ မြို့ပေါ်အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ပထမအကြိမ်) အာဟာရကျွေးမွေးအာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။

KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး၊  မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့်ဆရာ/ဆရာမများပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများကို  စနစ်တကျ လက်ဆေးနည်းများ၊ သွားခံတွင်း သန့်ရှင်းရေးလုပ်ငန်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးများကို  လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး မြစ်သားမြို့ပေါ်ရှိ မြို့မအ-ထ-က၊ ကျီတော်ကုန်းမူလွန်၊ ဘူတာအ-မ-က၊ ရွှေသူဌေးအ-မ-က၊ ပေတော အ-မ-က၊ ညောင်ဝန်းအမက၊ မြို့မ‌နောက် အ-မ-ကကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးကို အာဟာရ ကျွေးမွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)