မိတ္ထီလာမြို့နယ်အတွင်း တပ်ဆင်အသုံးပြုနေသော အိမ်သုံးမီတာများ တရားမဝင် သုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း တပ်ဆင်အသုံးပြုနေသော အိမ်သုံးမီတာများ တရားမဝင် သုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကို၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကိုနှင့် မီတာဖတ်စာရေးများ၊ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက မြို့နယ်အတွင်း တပ်ဆင်အသုံးပြုနေ‌‌သော လျှပ်စစ်မီတာများအား လျှပ်စစ်ဓာတ်အားသုံးစွဲသူများက မသာမာသောနည်းများ အသုံးပြု၍ တရားမဝင် သုံးစွဲမှု ရှိမရှိ အခြေအနေများ၊ SEAL ပြည့်စုံမှုရှိမရှိခြင်းနှင့် ဓါတ်အားခ ပေးဆောင်ခြင်း ရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)