ကျိုက်လတ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ကျိုက်လတ် ဇူလိုင် ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) သင်တန်းကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတာဝန်ခံမှ စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရမည့် အစီအစဉ်များအား ပို့ချခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ကျေးရွာ (၆) ရွာမှ သင်တန်းသား (၁၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်