သင်္ဃန်းကျွန်း ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်နာရီအချိန်က လေးထောင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်းအတွင်းရှိ အိမ်ထောင်စုများထံသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆေးစိပ်ခြင်ထောင်များ ထောက်ပံ့ပေးခြင်းများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဥ်သိန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှိုင်မဥ္ဇူနှင့် အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr.စောအောင်ရွှေဖြူနှင့် အဖွဲ့၊ မြို့နယ်စည်ပင်ကျန်းမာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ရပ်ကွက်တွင်းနေ ပြည်သူများက ခြင်ပေါက်ဖွားမှုများအား လျှော့ချနိုင်ရေးအတွက် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ရေဝင်ရောက်နိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း၊ ဆေးစိမ်ခြင်ထောင်များထောက်ပံ့ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းအောင်(ပြန်/ဆက်)