သာပေါင်း ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များတွေ့ဆုံပြီး သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)