ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်

ကျိုင်းတုံ ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကို ဇွန် ၂၅ ရက်က အမှတ် (၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး  ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က သင်တန်းမိန့်ခွန်းပြောကြားပြီး ရှမ်းပြည်နယ်ဥပဒေချုပ်၊ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက သင်တန်းသားများအား ကြိုဆိုနှုတ်ဆက်အားပေးသည်။ အဆိုပါသင်တန်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၄၄) ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)