လားရှိုးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသားများအား စုဆောင်းငွေအတိုးများ ထုတ်ပေး

လားရှိုး ဇွန် ၂၅

လားရှိုးမြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများ၏ စုဆောင်းငွေအတိုးများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက်  အသင်းသား (၃၃၇၈) ဦး၏ စုဆောင်းငွေများအပေါ် အတိုးငွေ(၃၀၀၀.၇၆)သိန်းကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆမ်မန်းနှင့် အမှုဆောင် ဒါရိုက်တာ အဖွဲ့များမှက ကြီးကြပ်၍ ဌာနဆိုင်ရာအသင်းသားကိုယ်စားလှယ်များထံ အသင်းရုံးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)