မန္တလေး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု ကွင်းအမှတ်(၅၆၇)ကွင်း၊ ဦးပိုင်အမှတ် (၅၄/၁)၊ ဧရိယာ(၁.၉၇) ဧကရှိ တောင်သူ ဦးဇော်မင်း၏ လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မန္တလေးတိုင်းဒေသကြီး၊မြေစာရင်းဦးစီးဌာန၊တိုင်းမြေစာရင်း ဦးစီးမှူး ဦးသိန်းဝင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနဦးစီးမှူး ဦးမျိုးသန့်တင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဆယ်တင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမြင့်ကြိုင် နှင့် ဝန်ထမ်းများက စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုအထွက်တင်း( ၁၂၀.၈၃) တင်း ထွက်ရှိ ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနရုံးမှ သိရသည်။
စိုးသီဟ(အမရ)