ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် Community Centre ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၇

ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟော​ပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲ ပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သော အကြောင်းအရာများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စသော အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပရာ မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ (၁၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသော ကျောင်းသား/ သူများအား ဆုများ ချီးမြှင့်ခဲ့ကြပြီး သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)