စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၇) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတက်ရောက်

မုံရွာ ဇွန် ၂၇

(၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးပြဿနာများအား ပြည်သူလူထုအတွင်း ထိုးဖောက်သိမြင်ရှောင်ရှားနိုင်ရန် လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် တူညီသည့်ရည်ရွယ်ချက်များနှင့် တက်ကြွစွာဖြင့် လှုပ်ရှားခဲ့သည်မှာ (၃၇) နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဖျက်ဆီးသွားရန် တင်ပြထားရှိသည့် မြို့နယ် (၁၁) မြို့နယ်တွင်လည်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများအား ယခုအချိန်တွင်တစ်ပြိုင် တည်းကျင်းပနေပြီဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အဓိကခြိမ်းခြောက်နေသည့် စိတ်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် လူသားအားလုံးနှင့်သက်ဆိုင်ပြီး ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှလည်း ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုအားကိုယူကာ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ မူးယစ်ဆေးဝါး အန္တရာယ်လျော့ပါးရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းအကောင်းအထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၄-ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သော (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံမှပေးပို့သည့် သဝဏ်လွှာအား ကလေးခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကြည်ဝင်းက ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူ တာပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေ နှင့်ဂုဏ်ပြု လက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆုရပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာ ပန်းချီများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ကလေးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့်ဓာတု ပစ္စည်းများဖြစ်သည့် ဘိန်း၊ ကဖင်း၊ စိတ်ကြွဆေးဝါး၊ အိုက်(စ်) စုစုပေါင်းကာလတန်ဖိုး ငွေကျပ်-(သိန်းပေါင်းတစ်သိန်းနှစ်ထောင်ကျော်)အား  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)