မိုင်းတုံ ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့နယ်ဦးစီးမှူး ရုံးခန်းတွင် ပြည်နယ်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းဖြင့် ထောက်ပံ့ပေးသော စပါးမျိုးစေ့နှင့် သွင်းအားစုမြေဩဇာမျိုးစေ့ချကိရိယာများကို တောင်သူများသို့ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက စပါးမျိုးစေ့နှင့် သွင်းအားစုမြေဩဇာမျိုးစေ့ချကိရိယာများ တောင်သူများသို့ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စပါးမျိုးစေ့နှင့် သွင်းအားစုမြေဩဇာမျိုးစေ့ချကိရိယာများကို သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။
ယင်းပေးအပ်ပွဲသို့ စိုက်၊ မွေး၊ ဆည်ခရိုင် ကိုယ်စားပြု ခရိုင်ဦးစီးမှူး ဦးအေးစံသိန်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)