ရွှေတောင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ မှ မွေးမြူရေး လုပ်ကိုင်သူများအားကွင်းဆင်းစစ်ဆေး

ရွှေတောင် ဇွန် ၂၈

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီမှမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးပေးမည့် ကျေးရွာအုပ်စုများရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျွဲတလင်းကျေးရွာအုပ်စု၊ရွာသစ်ကုန်းရွာနေ၊ ဒေသနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ထက်အောင်၊ကျွဲတလင်းကျေးရွာနေဒေသ ကျွဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်ဝင်း၊ သပြေစမ်းကျေးရွာနေ ဒေသကျွဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးချစ်မင်းထက်၊ ယင်းမူကုန်းကျေးရွာနေဒေသနွား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်နိုင်၊ ပေါင်းချုပ်ကျေးရွာအုပ်စု၊ ပေါင်းချုပ်ကျေးရွာနေ ဒေသနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးသောင်းဌေးနှင့် ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရွာသစ်ကျေးရွာနေ ဒေသနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးယုလွင်တို့၏ မွေးမြူရေးခြံတို့တွင် ကျွဲ / နွားများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရယူခြင်းဆိုင်ရာ SOP များနှင့်ညီညွတ်မှု ရှိ/ မရှိ ချေးငွေရယူလိုသူ တစ်ဦးချင်းစီ၏ (ကျွဲ/နွား) မွေးမြူထားရှိမှုအခြေအနေများအား စနစ်တကျကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)