ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေး

ကန့်ဘလူ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ယမန်နေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ် အခန်း (၄) ရာထူးတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ စာဖတ်ဝိုင်းကို တက်ရောက်လာကြသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ အခန်း (၄) ပါ ရာထူးတိုးမြှင့်ခြင်းမှ အရည်အခြင်းစစ်ဆေးခြင်း၊ ရာထူးတိုးမြှင့်ခြင်းဆိုင် ရာသတ်မှတ်ချက်များ၊ ဝန်ထမ်းများအား ရာထူးသက်၊လုပ်သက် သတ်မှတ်ချက်ကိုလျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားခွင့်ပြုခြင်း၊ ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့် အခြေအနေများကို ဖတ်ကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးက ခေါင်းစဥ်တစ်ခုခြင်းအလိုက် အသေးစိတ် ပြန်လည်ဖြည့်စွက်ဆွေး နွေးခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)