ပြင်ဦးလွင် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိမြို့နယ်အစီအစဉ်ဖြင့် သွင်းအားစုများကို (၂၅.၆.၂၀၂၄) ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသွင်းအားစုများပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့် တာ၀န်ကျအဖွဲ့များ၊ မြို့နယ် သမဝါယမအသင်းစုမှ တာ၀န်ရှိသူများသည် သမဝါယမအသင်း (၁၀) သင်း၊ အသင်းသား(၁၄၂)ဦး၊ မိုးစပါးစိုက်ဧက (၃၈၄) ဧကအတွက် (၁) ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစု (စမ်း၀တီသဘာ၀မြေဩဇာ၊ ဓာတ်မြေဩဇာ) တန်ဖိုးငွေကျပ် (၇၆၈) သိန်းအား မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သွေးသွေး
ခရိုင် (ပြန်/ဆက်)