မှော်ဘီမြို့နယ်၌အားကစားနှင့်လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) ရွှေရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာမှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးထင်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မှော်ဘီမြို့နယ် အားကစားကော်မတီဥက္ကဋ္ဌ ဦးအေးမင်းမောင်မှ လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပြီး အ.ထ.က (၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလွဲမှ ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မှော်ဘီခရိုင် အားကစားတာဝန်ခံ ဒေါ်လဲ့လဲ့လွင်မှ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုရှင်းလင်းပြော ကြားကာ အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ Aerobic သရုပ်ပြသခြင်း၊ ဂျူဒိုသရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်း၊ Fitness dance ဖြင့်ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများမှ အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းဇော် (မှော်ဘီ)