ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြော
Jul 01,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သရဖီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။