ချမ်းမြသာစည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကြွက်ခဲဘုရားဓမ္မာရုံ၌ ဇူလိုင် (၁) ရက်နေ့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချမ်းမြသာစည်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချမ်းမြသာစည်မြို့နယ် မြို့နယ်ဦးစီးမှူးမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရှင်းလင်းခြင်းနှင့် တက်ရောက်လာသည့် ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှာခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာသည့် ပြည်သူများအား အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းမှ ဆန် (၁) ပြည်စီ ဝေငှာပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း