မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာနေခြည်နွေးက အသိပညာပေးခြင်းလုပ်ငန်းကို အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အ-ထ-က(၄)ရှိ မွေးမြူရေးဘာသာရပ်မှ ကျောင်းသား/ကျောင်းသူများအား မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာနေခြည်နွေးက မွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကာအလှူရှင်များမှ လှူဒါန်းပေးထားသော မိုးကာအင်္ကျီများအား မွေးမြူရေး ကျောင်းသား/သူ(၁၃)ဦးအတွက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း