မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

မဟာအောင်မြေ ဇူလိုင် ၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် အောင်စံရန်အေးဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဦးနှောက်တီဘီ ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေးဂျပန်ဦး‌ နှောက်ရောင်ရောဂါများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂) ရပ်ကွက် အောင်စံရန်အေးဓမ္မာရုံ၌ မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ရက်ကွက်များသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများကို စနစ်တကျ မှတ်တမ်းရေးသွင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း(ပြန်/ဆက်)