ရှမ်းရွာသစ်မြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
Jul 01,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။