မိုင်းယန်း ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ရုံးစာရေးဝန်ထမ်းများ ရုံးလုပ်ငန်းများတွင် စနစ်တကျမှန်ကန်တိကျစွာဆောင်ရွက်နိုင်ရန် ရုံးလုပ်ငန်းမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကားနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားပို့ချသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ သင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်၊ ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ဦးစီးတာဝန်ကောက်နုတ်ချက်၊ ငွေစာရင်းဘာသာရပ်၊ သတင်းနှင့်ပြန်ကြားရေး၊ ရပ်/ကျေးပုံစံ(၂၇)မျိုး စသည့်သင်ခန်းစာများကို ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး