သတင်းများ

ပြည်မြို့၌ ၂၀၂၄-ခုနစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 02,2024
ပြည်မြို့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄-ခုနစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ပန္နက်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်
Jul 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါရုံးတည်ဆောက်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၄၆၇၆၄) ဧကကျော် လျာထားစိုက်ပျိုးမည်
Jul 02,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၄၆၇၆၄) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့၌ ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jul 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့် ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့တို့ ပူးပေါင်းကွင်းဆင်းခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မိုးစပါးစိုက်ခင်းများအတွက် သတိပြုရမည့်အချက်များ ပညာပေးဆွေးနွေး
Jul 02,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းများအတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများအား ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
မီးဘေးသင့်အိမ်ထောင်စုများအား ​​ထောက်ပံ့​ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး ပေးအပ်
Jul 02,2024
​ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနတွင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၅) သောင်းပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေ
Jul 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း (၅) သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်းစိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 02,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီအချိန်က လက်ရဲတက်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၁)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။