သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 02,2024
ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားလုပ်ငန်းကို အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Jul 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အပါအဝင်၊ ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယမန်နေ့ညနေက (အ.ထ.က)ဘုတ်ပြင်းကျောင်းတွင် ကျင်းပကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် နယ်လှည့်စာကြည့်တိုက် (Mobile Library)စနစ်ဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေး
Jul 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများက မြို့နယ်သမဝါယမဦးစီးဌာနများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒိုက်ဦးမြို့နယ် မိုးစပါးစိုက်ခင်းများစိုက်ပျိုးရန် ပြင်ဆင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Jul 02,2024
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးသည် ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ မိုးစပါးစိုက်ခင်း၊ ကတုတ်ရွာမကျေးရွာရှိ တောင်သူဒေါ်စိန်စိန်၏ မိုးစပါးစိုက်ခင်းများတွင် မိုးစပါးများ၊ ပျိုးထောင်၍ တိုင်းဒေသကြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။
မြိတ်မြို့တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Jul 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကမ်းနားလမ်း သစ်ယာဝရေဆိပ်တံတားအရှေ့ရေပြင်တွင် စက်လှေမတော်တဆတိမ်းမှောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ဆေးရုံပို့ဆောင်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့
Jul 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြူတွင်းကျေးရွာအုပ်စုအတွင်းရှိ အဘိုအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။
မင်းလှမြို့နယ်၌ မလွန်ကျေးရွာအုပ်စုမှတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
Jul 02,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၄၂) အုပ်စုမှ တောင်သူများအား ဇွန် (၄) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မလွန်ကျေးရွာအုပ်စုရှိ တောင်သူ (၁၃၃) ဦးအား ချေးငွေကျပ် (၅၀၉.၅၀) သိန်းထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ
Jul 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။