ပုလောမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကျရောက်ပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် ဇာတ်တိုက်လေ့ကျင့်
Jul 02,2024
ပုလောမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများက ယမန်နေ့ ညနေ ၃ နာရီ က ပုလောချောင်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။