သတင်းများ

နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂ဝ)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jul 02,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး Community Centre ၌ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသည့် “ငဩစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန် ၃၀ ရက်နေ့ နေ့လယ် ၁နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jul 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေး ဆရာ၊ ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး
Jul 02,2024
၂၀၂၄ ခုနှစ်၊  မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ   ၃၀ ရက်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အားကစား ဝါသနာရှင် လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်အထက် ကျော်လွန်
Jul 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးများ အဆက်မပျက်ရွာသွန်းလျက်ရှိရာ ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် (၁)ပေကျော် မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးမှူးရုံးမှ သိရသည်။
ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 02,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံခရိုင်ရုံးခွဲနှင့် ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ အစီအစဉ်ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝရေပြင်ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်
Jul 02,2024
ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ်၌ လက်ဆွဲကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ကြည့်ရှုအားပေး
Jul 02,2024
ပဲခူးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်တွင် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ မြို့မစိုက်ပျိုးကွင်းအမှတ် ၃၅ B တွင် လက်ဆွဲ ကောက်စိုက်စက်ဖြင့် သရုပ်ပြသ မိုးစပါးစိုက်ပျိုးနေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။