လိပ်သို ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်ရှိ ဒေသခံပြည်အချို့မှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေသတွင်း၌ ဂေါ်ရခါးပင်များကို သဘာဝမြေဩဇာအသုံးပြု၍ စိုက်ပျိုးထားသဖြင့် အန္တရာယ်ကင်းကင်း စားသုံးနိုင်သလို ဂေါ်ရခါးသီးများကို ကြော်ချက်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင် လည်းကောင်း ပြုလုပ်စားသုံးကြသည်။
ဂေါ်ရခါးသီးများကို မိသားစု စားသုံးရန်အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိရာ လိပ်သိုမြို့ပေါ်၌ ဂေါ်ရခါးသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း အမှတ် (၁) ရပ်ကွက်ရှိ ဂေါ်ရခါးသီးစိုက်ပျိုးရောင်းချသူတစ်ဉီးထံမှ သိရသည်။
နော်ဖလောရင်း