မင်္ဂလာဒုံမြို့နယ်၌‌ ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် ၂၄

မင်္ဂလာဒုံမြို့နယ် အ.ထ.က(၇)ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းဝင်းမာ၏ လမ်းညွှန်ချက်အရ ပုလဲဆေးရုံမှ သွားဆရာ၀န်နှင့်  ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါ၊ မိုးရာသီတွင်အဖြစ်များသော ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အသဲရောင်အသားဝါ အေရောဂါ၊ ကိုဗစ် -၁၉ ရောဂါပတ်သက်၍ ကျန်းမာရေး ပညာပေးခြင်း၊After Lunch Tooth Brushing နှင့် သွားနှင့်ခံတွင်းရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ Chart အသုံးပြုသူ Vision Test ပြုလုပ်ခြင်းစသည် ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)