ဖြူး ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၏ အသင်းသား (၅၆) ဦးအား အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project- QIP) စီမံကိန်းအရ မတ်ပဲမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လူငယ့်အားမာန်အသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဖြူးမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးမြင့်က အိန္ဒိယနိုင်ငံအကူအညီဖြင့် မတ်ပဲမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းသား (၅၆) ဦးအား မတ်ပဲဧက (၁၅၀) ဧကအတွက် စုစုပေါင်းငွေကျပ် (၁၆.၈၀) ကျပ်သန်းတန်ဖိုးရှိ မတ်ပဲမျိုးစေ့များကို ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)