မန္တလေးခရိုင်၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပ

မန္တလေး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာရေးဆရာဖေမြင့် ရေးသားထားသော “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်မှပါရှိသော အကြောင်းအရာများ ဆွေးနွေးခြင်း၊  စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့သည်။ ယင်းနောက် အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုး အသိပညာပေး ဟောပြောပွဲများကို မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်   ဟောပြော ဆွေးနွေးခဲ့သည်။

ထို့နောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များအား အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)