အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်းရှိ အသား/ငါးရောင်းချသည့် ဆိုင်များအား သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

အောင်လံ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့မဈေးအတွင်းရှိ အသား/ငါး ဈေးဆိုင်များအား သန့်ရှင်းလပ်ဆတ်မှုရှိစေရန်နှင့် ပြည်သူများလက်ဆတ်စွာ စားသုံးနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဆိုင်များအား သန့်ရှင်းမှုစစ်ဆေးရာတွင် ယင်လုံစေရန်အဖုံးများဖုံးအုပ်၍ စနစ်တကျ ရောင်းချနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီများက လမ်းညွှန်မှာကြားခဲ့ပြီး၊ လိုအပ်သည်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)