ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မူလွန်ကျောင်း၌  ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်

ပလောက်  ဇူလိုင်  ၈

ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်အိအိလွင်နှင့်ဝန်ထမ်းများက မူလွန်ကျောင်းဆရာမများနှင့် ကျောင်းသား/ကျောင်းသူကလေးများ အားကိုယ်အလေးချိန်ပေးခြင်း၊ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအားပြောကြားခဲ့ပြီး တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)