ရေတာရှည် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု အ-လ-က(ခွဲ) ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းကကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရေတာရှည်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းဇာအောင်က ကျောင်းသား/သူများ၊ ကျောင်းသား မိဘများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းတက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောရာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း သင်တန်းကျောင်းတက်ရောက်အောင်မြင်ပြီး ကျောင်းသား/ သူများသည် ရမှတ်အလိုက် မွေးမြူရေးဘွဲ့နှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့များကို တက်ရောက် သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် စက်မှုနှင့် ဆိုင်သော တက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့်ဆိုင်သော တက္ကသိုလ်များ၊ မွေးမြူရေးနှင့်ဆိုင်သော တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ပြီး အလုပ်ကိုင်အခွင့်အလမ်းများ ရရှိ နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အ-လ-က(ခွဲ)ထန်းကုန်းကျောင်းမှ ကျောင်းသား/သူမိဘ ၇၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)