သတင်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့်တွေ့ဆုံ
Sep 27,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့ စက်တင်ဘာလမွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်း အခမ်းအနားကျင်းပ
Sep 27,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းလုပ်ငန်းညှိနှိုင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Sep 27,2025
စစ်ကိုင်းတိုင်းဒသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေစီးဝင်မှုကြောင့် နေအိမ်နှင့်ခြံဝန်းများအတွင်း ရေများဝင်ရောက်လျက်ရှိ
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းရေလျှံတက်ခဲ့ပြီး ချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ (၉၈)အိမ်၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၉၁)အိမ်၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၁၄၅)အိမ်၊ သရက်တပင်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၁၄၅)အိမ်၏ အိမ်များအတွင်း (၂)ပေခန့် ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၈/ဝ)မိုင်နှင့် (၁၂၈/၂)မိုင်ကြား ကားလမ်းမအပေါ် ရေ(၁)လက်မခန့် ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 26,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းထူထောင်မည့်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်အနီးတွင် ရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ်ပူးပေါင်းတိုင်းတာခြင်း (Joint Survey) လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်              
Sep 26,2025
မွန်ပြည်နယ်၊ မုဒုံမြို့အနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းတည်ဆောက်ရန်အတွက် ရေလမ်းကြောင်းနှင့် ကမ်းနားနယ်နိမိတ်ပူးပေါင်းတိုင်းတာခြင်း (Joint Survey) လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 26,2025
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။