ပန်းတောင်းမြို့နယ်၌ လူကုန်ကူးမှု/ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်နှင့် အကြမ်းဖက်မှုဖြစ်စဉ်များအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဆင်တဲ) ခန်းမ၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။