ပေါင် ဇူလိုင် ၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက အ.လ.က (ပုသိမ်ကွင်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အ.လ.က (ပုသိမ်ကွင်း) ကျောင်းမှ Grade-9 ကျောင်းသူ မနှင်းဝတ်ရည်က လူငယ်နှင့်ပလတ်စတစ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ မစုဝေနိုင်က လူငယ်နှင့်ခေတ်ရေစီးကြောင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ မဝင်းပပလှိုင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသား အာကာထက်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသား မောင်သူရိန်မိုးက လူငယ်နှင့်စိန်ခေါ်မှုခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး အ.လ.က (ပုသိမ်ကွင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုမက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.လ.က (ပုသိမ်ကွင်း) ကျောင်းမှ ဆရာ/ ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူ (၁၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)