မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပေါင်မြို့နယ် ကဒါရပ်ကွက်ရှိ လေဘေးသင့်သည့်နေရာအား သွားရောက်ကြည့်ရှု

ပေါင် ဇူလိုင် ၇

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ် ကဒါရပ်ကွက် ၌ ဇူလိုင်လ ၅ရက်နေ့၊ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ အခြေခံပညာမူလတန်းကျောင်းနှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးမှု တို့အား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊မီး သတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများက ပြိုလဲသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုလဲလျှပ်စစ်မီးတိုင်များ၊ အိမ်ခေါင်မိုးလန်နေအိမ်များ ကူညီ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လေဘေးသင့်ပြည်သူများ၏ နေအိမ်များ အမြန်ဆုံး ပြန်လည် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ဘေးသင့်သူများအားကူညီ ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကားများ ပြောကြားခဲ့ကာ လိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြား၍ပေါင်းစပ် ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)