အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၌  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိတ္ထီလာ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မိုးရာသီ သစ်ပင်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီခွဲက အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိူးစည်သူအေးနှင့် ဝန်ထမ်းများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းပတ်ဝန်းကျင်တွင် သတ်မှတ်နေရာများအလိုက် မန်ကျည်း၊ ဗန်ဒါ၊ မန်ဂျန်ရှား၊ မယ်ဇယ်၊ အာဆီယံသပြေ၊ ငုစပ်ချယ်ရီ၊ တပြေဘူတပင် စုစုပေါင်း အပင် ၄၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)