မန္တလေး ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ခရိုင်အတွင်းရှိ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာအောင်သင်း၏ “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဆရာမ သင်းသင်း(မန္တလာ)၊ စာရေးဆရာမြနန္ဒာ (ညဏ်ဝေ)၊ မြန်မာမှု့ကိုပေါ ဦးရည်မွန်အောင်၊ စာရေးဆရာမ စု(စံ၉စံ)နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က စာရေးဆရာ အောင်သင်းရေးသားထားသော “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး”စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)