စမ်းချောင်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီး ဌာနဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်း၏ ကြီးကြပ်မှုဖြင့် ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများက ကျောင်သား၊ ကျောင်းသူ များအား နိုင်ငံသားစီစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ကြည့်ရှုအားပေးခဲ့ကြောင်းကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)