ခရမ်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့ နံနက်က အ.မ.က (မူလွန်) ကျုံတူးကျေးရွာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိငြိမ်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်အတွက် ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာစေလိုကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာပေများ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်နှင်းဝေ